Maung Moe Thu: A Happy Man (Burmese Text)

by Khet Mar    /  September 20, 2012  / No comments

Maung Moe Thu

Than Htay Maung

ကိုယ်တိုင်ကရော စာဖတ်ပရိသတ်ကပါ ကျမကို စာရေးဆရာလို့သတ်မှတ်ထားရာကနေ ဂျာနယ်လစ်စ်စာရင်း ၀င်လာစေသူတွေထဲမှာ မောင်မိုးသူဟာအဓိကကျတဲ့သူတဦးပါ။ ကျမကမောင်မိုးသူကို ‘ဘဘ’ လို့ခေါ်ပါတယ်။ ဘဘဦးမိုးသူအယ်ဒီတာချုပ်အဖြစ်ထုတ်ဝေတဲ့ဓနမဂ္ဂဇင်းမှာ မျက်နှာဖုံးဆောင်းပါးနဲ့ သတင်းဆောင်းပါးတွေရေး ဖို့ဖိတ်ခေါ်တော့ ကျမကကျမမရေးတတ်ဘူးလို့ချက်ခြင်းပြောမိပါတယ်။ ဒီတော့ ဘဘဦးမိုးသူကလည်း “ရေးတတ် သလိုရေး၊ ငါတို့တိုင်းပြည်မှာ ဘာစာနယ်ဇင်းကျောင်း၊ သင်တန်းမှရှိခဲ့တာမဟုတ်ဘူး” လို့ချက်ခြင်း ပြန်ပြောပါတယ်။ အဲဒီတုန့်ပြန်မှုက ကျမကိုဂျာနယ်လစ်စ်တဦးအဖြစ်စာတွေရေးသားဖို့ ယုံကြည်မှုနဲ့အင်အားကို ရစေခဲ့ပါ တယ်။

မောင်မိုးသူဟာ ၁၉၅၀ကျော်ဝန်းကျင် တက္ကသိုလ်ကျောင်းသားဘ၀မှာကတည်းက ကဗျာတွေစတင်ရေးသားခဲ့ ပြီး ၁၉၅၉မှာ ခေတ်ဂျာနယ်နဲ့ မန်းခေတ်သတင်းစာတို့ရဲ့အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သလို ကိုယ်တိုင်စာပေ တိုက်တည်ထောင်ခဲ့တဲ့ ထုတ်ဝေသူတဦးလည်းဖြစ်ပြန်ပါတယ်။သူဟာဘာသာပြန်စာရေးဆရာတယောက်အဖြစ် ၀တ္တုစာအုပ် ၂ရအုပ်ကိုအင်္ဂလိပ်ဘာသာကနေမြန်မာဘာသာကိုပြန်ဆိုခဲ့ပါတယ်။ မောင်မိုးသူရဲ့ဘာသာပြန်ဝတ္တု တွေကြောင့် မြန်မာစာဖတ်ပရိသတ်တွေဟာ နိုင်ငံတကာစာပေရဲ့အစိတ်အပိုင်းတချို့ကိုမြည်းစမ်းခွင့်ရခဲ့ပါတယ်။ ၁၉၇၀ခုနှစ်တွေမှာ ဇာတ်ညွှန်းတွေစတင်ရေးသားခဲ့ပြီး ဒါရိုက်တာအဖြစ်ရုပ်ရှင်ကားပေါင်း ၁၂ကားရိုက်ကူးခဲ့ပါ တယ်။

မောင်မိုးသူဟာ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုတိယဥက္ကဌဖြစ်ခဲ့ပြီး၊ ကျောင်းသားအခွင့်အရေးတောင်း ဆိုမှုတွေမှာဦးဆောင်ပါဝင်ခဲ့လို့ အသက်၂ဝ စွန်းစ၁၉၅၈ခုနှစ်မှာ ၁၀လကြာဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးအပြီးမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုတည်ထောင်ခဲ့ပါတယ်။ ပါတီဝင်အဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လှုပ်ရှားမှုတွေမှာပါဝင် ခဲ့မှုကြောင့် ၁၉၈၉ခုနှစ်မှာ အဖမ်းဆီးခံရပြီး ထောင်ဒါဏ် ၃နှစ်ကျခံခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာထပ်မံဖမ်းဆီးခံခဲ့ ရပြီး ထောင်ဒါဏ်၎နှစ်ကျခံခဲ့ရပြန်ပါတယ်။ သူထောင်ထဲမှာရှိစဉ် ၁၉၉၉ခုနှစ် ဒီဇင်ဘာလမှာ ဇနီးဖြစ်သူဆုံးပါး သွားခဲ့ပြီး ၂၀၀၀ပြည့်နှစ်မှာ ထောင်ကတတတိယအကြိမ်ပြန်လွတ်ခဲ့ပါတယ်။

မောင်မိုးသူဟာ၂၀၀၀ ခုနှစ်ထောင်ကပြန်လည်လွတ်မြောက်လာကတည်းက စာရေးသားခြင်းနဲ့အယ်ဒီတာ အလုပ် တွေကိုတောက်လျောက်လုပ်ကိုင်ခဲ့ပါတယ်။ ဓနမဂ္ဂဇင်း၊ Perfect မဂ္ဂဇင်း၊ ကလျှာမဂ္ဂဇင်း မော်ဒန်ဂျာ နယ်၊ ကုမုဒြာဂျာနယ်တို့ရဲ့အယ်ဒီတာချုပ်အဖြစ် ထမ်းဆောင်နေခဲ့ပါတယ်။

မောင်မိုးသူက လူတိုင်းကိုနွေးထွေးချစ်ခင်စွာဆက်ဆံတတ်သလို လူတွေကလည်းသူ့ကိုချစ်ခင်ကြပါတယ်။ ကျမ စာရေးသူပေါက်စဘ၀ နယ်ကတက်လာကတည်းကလှိုက်လှိုက်လှဲလှဲကြိုဆိုအားပေးခဲ့တာကြောင့် ဘဘဦးမိုးသူ နဲ့နီးစပ်ခဲ့ပါတယ်။ နောက်ပိုင်း သူအယ်ဒီတာချုပ်အဖြစ်တာဝန်ယူတဲ့ ဓနမဂ္ဂဇင်းမှာဝန်ထမ်းစာရေးဆရာအဖြစ် အလုပ်လုပ်တဲ့အခါမှာတော့ ဘဘနဲ့ပိုနီးစပ်ရတော့တာပေါ့။ ကျမမှာအကြောင်းကြီးငယ်ရှိတိုင်းဘဘဆီပြေးပြီး ခံစားနေရတာတွေကိုပြောပြရင်ဖွင့်မိတတ်ပါတယ်။ ဘဘကလည်းပြောသမျှအလေးထားနားထောင်၊ အားပေး စကားပြောခဲ့တာချည်းပါပဲ။ ဘဘပြောခဲ့သမျှစကားတွေထဲမှာ ကျမအမှတ်မိဆုံးနဲ့အလိုက်နာမိဆုံးစကားတခွန်း ကတော့ ဘယ်ကိစ္စမဆိုအမှန်အတိုင်းပြော၊ အမှန်အတိုင်းရင်ဆိုင်ပါတဲ့။ အဲဒီအခါ ပြသနာကဖြေရှင်းရလွယ် တယ်တဲ့။

ဘဘနဲ့ကျမနီးစပ်ခဲ့တဲ့ကာလတလျှောက်မှာ ဘဘကိုစိတ်ဓါတ်ကျမှိုင်ငေးနေတာတခါမှမမြင်ဖူးပါ။ အမြဲလိုတက် ကြွပျော်ရွှင်နေတာချည်းပါပဲ။ ကျောင်းသားအခွင့်အရေး၊ လူသားအခွင့်အရေးရရှိရေးတွေအတွက် ယုံကြည်ချက် အတိုင်းလုပ်ဆောင်ခဲ့လို့ ထောင်အကြိမ်ကြိမ်ကျခဲ့ပေမယ့် အဲဒီလိုထောင်ကျခဲ့တာတွေအတွက် ဘယ်လောက် ခံစားခဲ့ရသလဲဆိုတာမျိုး ဘဘဆီကတခါမှမကြားခဲ့ဖူးပါဘူး။ သူအဖမ်းခံရတဲ့အကြောင်းတွေမေးကြည့်မိတိုင်း ရယ်ရယ်မောမော ဟာသနှောပြီးပြန်ပြောပြတာချည်းပါပဲ။ ဘ၀ကိုအကောင်းမြင်ပြီး ပျော်ပျော်ရင်ဆိုင်တတ်တဲ့ ဘဘရဲ့ဘ၀နေနည်းကို ကျမအမြဲအားကျပြီး အတုယူဖို့ကြိုးစားမိတတ်ပါတယ်။

အခုဆိုဘဘမောင်မိုးသူဟာအသက် ၇၅နှစ်ရှိနေပါပြီ။ သြဂုတ်လနောက်ဆုံးပါတ်က ဘဘဆီဖုန်းဆက်တော့ ထုံးစံအတိုင်းဘဘအနားမှာ ဘဘကိုချစ်ခင်တဲ့လူငယ်စာရေးဆရာလေးတွေရှိနေပါတယ်။ ဖုန်းထဲကနေနောက် ပြောင်ရယ်မောသံတွေလည်းကြားနေရပါတယ်။ အခုအသက်အရွယ်ထိ စာပေနယ်ကလူငယ်၊ လူလတ်တွေနဲ့ စကားဝိုင်းဖွဲ့ရယ်မောပျော်ရွှင်စွာနေတတ်ဆဲဘဘကို ကျမကပြောမိပါတယ်။

“ လူတွေက ဘဘကိုချစ်ပြီး ဘဘကလည်းအမြဲပျော်ရွှင်နေတာပဲနော်” လို့။

“ စိတ်ကိုဖြူအောင်ထားရင်လူတွေကချစ်မှာပဲ။ နောက်တခုကတော့ ဘဘသိတတ်ထဲက ငါဘ၀မှာ ငါ့ပတ်ဝန်း ကျင်ကလူတွေရဲ့အကျိုးအတွက် တတ်နိုင်သမျှဆောင်ရွက်မယ်ဆိုတဲ့စိတ်ရှိခဲ့တယ်။ ကိုယ်နဲ့နီးစပ်သမျှလူတွေ ကိုလည်းတတ်နိုင်သမျှကူညီခဲ့တယ်။ အဲဒီလိုကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်နေရလို့လူတွေကချစ်၊ လူတွေက ချစ်တော့ နေရတာပျော်တာပေါ့” လို့ ဘဘကချက်ခြင်းပြန်ဖြေပါတယ်။

ကျမပတ်ဝန်းကျင်မှာ ဘ၀ရဲ့နှောင်းပိုင်းအချိန်ကိုရောက်နေတဲ့လူကြီးတွေရဲ့ အထီးကျန်ဆန်မှုနဲ့ စိတ်ဓါတ်ကျ ဆင်းနေမှုကို မကြာခဏတွေ့ရတတ်ပါတယ်။ ဘဘဦးမိုးသူကတော့ဖြင့် တက်ကြွပျော်ရွှင်နေဆဲပါ။ ကျမတို့ သူ့အသက်အရွယ်ရောက်တဲ့ အခါ သူ့လိုပျော်ရွှင်နေနိုင်ဖို့ဆိုရင် သူ့လိုလူတွေကိုချစ်ပြီး လူတွေအကျိုးကိုနိုင်သမျှ သယ်ပိုးဖို့လိုတာပေါ့။ ဘ၀ပျော်ရွှင်မှုအတွက်လျို့ဝှက်ချက်ဆိုတာ အင်မတန်ရိုးစင်းပေမယ့် လိုက်နာဖို့ကျတော့ မလွယ်ကူတဲ့အရာပါလားဆိုတာ ဘဘနဲ့ဖုန်းပေါ်မှာစကားပြောရင်း ကျမတွေးခဲ့မိပါတယ်။

Tea House

မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်ေတွဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်ေတွနဲ့
တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ေဆွသစ်ေတွတွေ့ရတတ်တဲနေ့ရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်ေတွထဲမှာ စာအကြောငးေ်ပအကြောင်း နိုင်ငံရေးအကြောငးေ်တွပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျောေ်မွ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုငးေ်တွ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။

ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ေဆးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုငးေ်ကြွတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ေဆးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ေဝခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.