Maung Wuntha: The Fight Inside (Burmese Text)

by Khet Mar    /  November 15, 2012  / No comments

မောင်ဝံသ

Maung Wuntha

Maung Wuntha. Photo provided by the author.

၂၀၁၂ အောက်တိုဘာလဆန်းပိုင်းတရက်ဟာ သတင်းဆိုးတခုကိုယူဆောင်လာပေးပြီး ကျမကိုထိတ်လန့်ဝမ်း နည်းစေခဲ့တယ်။ ကျမတို့ချစ်ခင်လေးစားရတဲ့ သတင်းစာဆရာ၊ စာရေးဆရာကြိးမောင်ဝံသတယောက် အဆုတ် ကင်ဆာရောဂါကိုခံစားနေရပြိဆိုတဲ့အကြောင်း သူကိုယ်တိုင်ရေးသားထားတဲ့ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရ လို့ပါပဲ။

အဲဒီဆောင်းပါးကိုဖတ်ပြီးပြီးချင်းမှာပဲ ဦးဝံသရဲ့ရုပ်ပုံလွှာတွေကို ကျမအစီအရီပြန်လည်မြင်ယောင်လာပါတယ်။ ၁၉၈၉ ခုနှစ် မှာစာပေလောကထဲစတင်ဝင်ရောက်လာတဲ့ကျမဟာ အရှိန်အ၀ါကြီးတဲ့ သတင်းစာဆရာ၊ စာရေး ဆရာကြီးမောင်ဝံသကို ၁၉၉၂ ခုနှစ်မှာမှ စတင်မြင်ဖူးခဲ့ပါတယ်။ စတင်မြင်ဖူးခဲ့တဲ့နေရာကတော့ နံမည်ကျော် အင်းစိန်ထောင်ထဲက အခန်းတခန်းထဲမှာပါ။ ၁၉၉၁ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကြောင့် ထောင်ဒါဏ် ၁၀နှစ် ကျခံခဲ့ရတဲ့ကျမ ၁၉၉၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်ပါတယ်။ အဲဒီနေ့ကလွတ်ငြိမ်းချမ်းသာအမိန့်နဲ့ပြန် လွှတ်မယ့်နိုင်ငံရေးအကျဉ်းသားတွေကို ထုံးစံအတိုင်း ထောင်ထဲကမထွက်ခင် ထောင်ဧည့်ခန်းမှာ တာဝန်ရှိသူ တွေက သြ၀ါဒစကားပြောဖို့စုရုံးစေပါတယ်။ အဲဒီနေ့မှာ လူပုံကျစ်လစ်သလို စိတ်ဓါတ်ပါကြံ့ခိုင်ပုံရသူတဦးက ထောင်ဧည့်ခန်းထဲမှာရှိနေသူအားလုံးကို အပြုံးနဲ့ကြည့်နေတာသတိထားမိပါတယ်။ အဲဒါ ဦးဝံသပါ။လွတ်မြောက် ခြင်းဆိုတဲ့ခံစားမှုနဲ့စတင်ဆုံဆည်းခဲ့ရတဲ့ ဦးဝံသဟာ ကျမအတွက်မမေ့နိုင်စရာလူတဦးဖြစ်ခဲ့ပါတယ်။

စာရေးဆရာ၊ သတင်းစာဆရာမောင်ဝံသဟာ ၁၉၆၂ ခုနှစ်ကတည်းက သတင်းစာဆရာအဖြစ်စတင် အသက် မွေးခဲ့ပါတယ်။ ၁၉၇၀ နောက်ပိုင်းကစပြီး မြန်မာ့အလင်း၊ ဟံသာဝတီ၊ ဗိုလ်တထောင်သတင်းစာတွေရဲ့အယ်ဒီ တာအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မီရှီဂန်တက္ကသိုလ်မှာ သတင်းစာ ပညာသင်တန်းတက်ရောက်ခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံအပြီးမှာ အရေးတော်ပုံမှာဦးဆောင်ပါဝင်ပတ်သက် ခဲ့တဲ့အတွက် ဗိုလ်တထောင်သတင်းစာအယ်ဒီတာအဖြစ်ကနေရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။ ၁၉၈၈ အရေးတော်ပုံ အပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင် ခဲ့တဲ့ မောင်ဝံသဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲအရည်အတွက် ၈၀ ရာခိုင်နှုန်းကျော်နဲ့အနိုင်ရခဲ့တဲ့ အမျိုး သားဒီမိုကရေစိအဖွဲ့ချုပ်ရဲ့ အနိုင်ရလွှတ်တော်အမတ်တဦးလည်းဖြစ်ပါတယ်။ သူဟာ ၁၉၈၉ ကနေ ၁၉၉၀ အထိအထိမ်းသိမ်းခံခဲ့ရပြီး ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ထပ်အဖမ်းခံခဲ့ရကာ ထောင်ဒါဏ် ၁၀နှစ်ချမှတ်ခြင်းခံ ခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်လာပြီး ၁၉၉၆ မှာ နောက်တခါဖမ်းဆီးခြင်းခံခဲ့ရပြန် ပါတယ်။ တတိယအကြိမ်အဖမ်းခံရပြီး ၂၀၀၁ခုနှစ်မှာပြန်လွတ်ခဲ့ပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

ဒုတိယအကြိမ်ထောင်ကလွတ်ကတည်းက ဦးဝံသဟာစာပေရေးသားခြင်းနဲ့ အတွေးအမြင်၊ လူချွန်လူမွန်၊ သတင်းထူး၊ ဘက်စုံ၊ တော်ဝင်ဂျာနယ်တို့ကို တည်းဖြတ်ထုတ်ဝေခြင်း အလုပ်တွေကိုတစိုက်မတ်မတ်လုပ်ကိုင်ခဲ့ ပါတယ်။ ၂၀၁၀ ခုနှစ် အစိုးရသစ်တက်လာထဲက တနည်းတဖုံပြောင်းလဲလာတဲ့မြန်မာ့သတင်းလောကထဲမှာ စာဖတ်သူတွေကိုမျက်စိဖွင့်ပေးဖို့အတွက် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုဆိုင်ရာဆောင်းပါးတွေဆက်တိုက်ရေးခဲ့ ပါတယ်။ ၁၉၈၄ ခုနှစ်ကနေဒီနေ့အထိ အတွေးအမြင်မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်အဖြစ်လည်းတာဝန်ယူဆောင်ရွက်နေပါတယ်။

မောင်ဝံသဟာ NED အဖွဲ့ရဲ့ဖိတ်ခေါ်ချက်နဲ့ ၂၀၁၀ ခုနှစ်မှာ သုတေသနစာတန်းတစောင်ပြုစုဖို့ Reagan-Fascell Democracy Fellow အနေနဲ့ အမေရိကန် ပြည်ထောင်စုမှာ ၃လတာနေထိုင်ခဲ့ပါတယ်။ အမေရိကန်မှာရှိစဉ် ကာလအတွင်း မြန်မာတဦးအတွက်ရင်ဆိုင်ရ ခက်တဲ့ အမေရိကန်ဆောင်းရာသီကြီး အတွင်းမှာပဲ ဦးဝံသက သူနေထိုင်ရာ ၀ါရှင်တန်ဒီစီကနေ ကျမရှိနေရာ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ္စဘတ် မြို့ကအိမ်ကိုရောက် အောင်လာလည်ခဲ့ပါတယ်။ မိုးလင်းလုနီးပါး စကား တွေထိုင်ပြောကြပေမယ့် ကျမတို့မှာပြော စရာတွေမကုန်ခဲ့ ပါဘူး။

၁၉၉၂ ကတည်းကစခဲ့တဲ့ ကျမတို့ရဲ့ခင်မင်ရင်းနှီးမှုသက်တမ်းတလျောက်မှာ အကြောင်းအမျိုးမျိုးနဲ့ ဦးဝံသဆီ သွားရောက်တွေ့ဆုံအကူအညီတောင်းရတာမျိုး မကြာခနရှိခဲ့ပါတယ်။ ကျမအကူအညီတောင်းတိုင်း ဦးဝံသက လိုလိုလားလားလားကူညီမြဲ၊ အကြံပေးမြဲပါ။ ကျမ အမေရိကားရောက်ပြန်တော့လည်း တခုခုသိချင်တာရှိရင် ဖြစ်ဖြစ်၊ အရေးကြီးတဲ့တစုံတယောက်နဲ့ဆက်သွယ်ချင်ရင်ဖြစ်ဖြစ်၊ ကျမရဲ့အမေရိကန်မိတ်ဆွေတွေ မြန်မာပြည် သွားဖို့ရှိလာတဲ့အခါဖြစ်ဖြစ် ဦးဝံသကိုပဲ ဆက်သွယ်ပြီး လိုအပ်တဲ့အကူအညီတောင်းရတာပါပဲ။ ဦးဝံသကတော့ အရင်အတိုင်း မပြောင်းမလဲပဲ လိုလိုလားလားနွေးနွေးထွေးထွေးကူုညီမြဲပါ။ တချို့ကိစ္စတွေမှာ ကျမက အားနာပြီး တွန့်ဆုတ်နေရင်တောင် ဦးဝံသက အားပေးပြီးလုပ်ဖြစ်အောင်ဖေးမမြဲပါ။

စာပေစိစစ်ရေးလက်အောက်မှာ နှစ်ပေါင်း၅၀နီးပါးအနုပညာဖန်တီးခဲ့ရတဲ့မြန်မာစာပေလောကဟာ၂၀၁၂ ခုနှစ် မှာတော့ တနည်းတဖုံပြောင်းလဲလာပါတယ်။ အရင်ကာလတွေကလို စာရေးဆရာတွေရဲ့စာမူတွေကို ပုံမနှိပ်ခင် စာပေစိစစ်ရေးတင်ရတဲ့အစဉ်အလာကိုရပ်ဆိုင်းခဲ့သလို မြန်မာစာပေလောကမှ တခါမှမရှိဘူးတဲ့ စာနယ်ဇင်း ကောင်စီကိုဖွဲ့စည်းခွင့်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စာနယ်ဇင်းလောကဖွံ့ဖြိုးရေးအတွက် တတ်စွမ်းသမျှစွမ်းဆောင်ခဲ့တဲ့ မောင်ဝံသဟာ စာပေလောကအတွက်အလွန်အရေးပါတဲ့ အဲဒီစာနယ်ဇင်း ကောင်စီမှာ ဒုတိယဥက္ကဌအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

မောင်ဝံသဟာ ၂၀၁၁ ခုနှစ်အတွက်အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်တဦးဖြစ်သလို အမျိုးသားသတင်း ဆုရွေးချယ်ရေးကော်မီတီဥက္ကဌလည်းဖြစ်ပါတယ်။ မောင်ဝံသဟာ သမ္မတကဖွဲ့စည်းပေးတဲ့ ရခိုင်ပဋိပက္ခ စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တဦးအဖြစ်လည်းတာဝန်ပေးအပ်ခြင်းခံရပါတယ်။ ၂၀၁၁ မှာ နိုင်ငံရေးဆိုင်ရာ သတင်းစာပညာသင်တန်းကျောင်းဖွင့်လှစ်ပြီး လူငယ်စာနယ်ဇင်း သမားတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံသတင်းစာပညာတွေကိုပို့ချပေးနေပါတယ်။

မောင်ဝံသဟာ နိုင်ငံရေးသမားတဦးအနေနဲ့ ဒီမိုကရေစီအရေး။ လူ့အခွင့်အရေးဆောင်ရွက်ခဲ့မှုအတွက် အကြိမ် ကြိမ်ဖမ်းဆီးခံခဲ့ရဖူးသလို စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူတဦးအနေနဲ့ စာပေစိစစ်ရေး ရဲ့နည်းမျိုးစုံအနှောက်အယှက်ပေးမှုကိုလည်း နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့သူဖြစ်ပါတယ်။ အခု လည်းသူဟာ လူသတ်ကောင်ကင်ဆာရောဂါရဲ့ အစွယ်ဖြဲခြိမ်းခြောက်မှုကိုရင်ဆိုင်နေရပြန်ပါပြီ။

ကင်ဆာရောဂါတွေ့ရှိကြောင်း သူကိုတိုင်ရေးထားတဲ့ဆောင်းပါးကို သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်တင်ပြီး နောက်ပိုင်း ကမ္ဘာအရပ်ရပ်က သူ့ကိုချစ်ခင်တဲ့ပရိသတ်တွေရဲ့အားပေးဆုတောင်းစာတွေဟာ မိနစ်နဲ့အမျှသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တက်နေပါတော့တယ်။ ဒါဟာ လူတွေအတွက်အလုပ်လုပ်ခဲ့သူအတွက် လူတွေဆီ ကပြန်ရတဲ့မေတ္တာတရားဖြစ်ပါတယ်။ အဲဒီမေတ္တာတရားတွေနဲ့အတူ သူ့ရဲ့ပင်ကိုယ် ကြံ့ကြံ့ခံနိုင်စွမ်းတွေနဲ့ ဦးဝံသ ဟာသူအခုခံစားနေရတဲ့ ရောဂါဆိုးကြီးကိုလည်း ရင်ဆိုင်တွန်းလှန်နိုင်မယ်လို့ ကျမယုံကြည်နေပါတယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.