Nay Phone Latt: A Blogger and “Youth Hero” (Burmese Text)

by Khet Mar    /  December 13, 2012  / No comments

Nay Phone Latt

Nay Phone Latt. Photo: Courtesy of Khet Mar.

နေဘုန်းလတ်

မြန်မာနိုင်ငံရဲ့သမိုင်းကို ကွေ့ချိုးပြောင်းလဲသွားစေတဲ့ ၁၉၈၈ အရေးတော်ပုံကြီးကို ၈ နှစ်သားအရွယ်မှာ တွေ့ကြုံခဲ့ရပြီး နိုင်ငံရေးစိတ်အမြစ်တွယ်ခဲ့ရာက ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့ရသူ စာရေးဆရာ ဘလော့ဂါတဦးကတော့ နေဘုန်းလတ်ပဲဖြစ်ပါတယ်။

အဖိုးရဲ့စာအုပ်စဉ်ကစာအုပ်တွေနဲ့ကြီးပြင်းခဲ့ရတဲ့နေဘုန်းလတ်ဟာ ဆွဲဆောင်မှုတွေနဲ့ တိမ်းညွတ်စရာတွေ များ လွန်းတဲ့ဆယ်ကျော် သက်ဘ၀ကို စာပေနဲ့ နိုင်ငံရေးကိုဝင်စားဖြတ်ကျော်ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်လူငယ်တဦးဖြစ်လာပါတယ်။

လူငယ်သဘာဝ တော်လှန်ချင်စိတ်၊ လွတ်လပ်စွာရေးသားဖော်ထုတ်မှုကိုတားမြစ်ထားတဲ့ စာပေစိစစ်ရေးကို တွန်းလှန်ချင်စိတ်တွေရှိတဲ့ နေဘုန်းလတ်တယောက် နည်းပညာကိုပိတ်ပင်မထားတဲ့နေရာဆီရောက်သွားခဲ့တာ ဟာ ဘလော့ဂါဘ၀ရဲ့အစဖြစ်ပါတယ်တဲ့။ ၂၀၀၅ ခုနှစ်မှာ ပညာဆက်လက်ဆည်းပူးဖို့ စင်္ကာပူနိုင်ငံကို ရောက် ရှိသွားခဲ့ခြင်းဟာ IT နည်းပညာတွေကိုကန့်သတ်ထားတဲ့မြန်မာနိုင်ငံမှာ သူမရရှိခဲ့တဲ့ လွတ်လပ်တဲ့အွန်လိုင်း အနုပညာကမ္ဘာမှာခြေချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို နည်းပညာနဲ့ အနုပညာရောစပ်ဖန်တီးရတဲ့ ဘလော့ဂါဘ၀ကပဲ နေဘုန်းလတ်ကိုနိုင်ငံရေးအကျဉ်းသား ဖြစ်စေခဲ့ပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

နေဘုန်းလတ်ဟာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရပြီး ၉ လအကြာမှာတော့ သူ့ကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု – ပုဒ်မ ၅၀၅ (ခ)နဲ့ထောင်ဒါဏ် ၂ နှစ်၊ အီလက် ထရောနစ်ဥပဒေ ပုဒ်မ ၃၃ (က/ ခ)နဲ့ ထောင်ဒါဏ် ၁၅ နှစ်၊ ဗီဒီယိုဥပဒေပုဒ်မနဲ့ ထောင်ဒါဏ် ၃ နှစ်ချမှတ်ခဲ့ပါ တယ်။ ၂၀၀၉ ဖေဖော်ဝါရီမှာတော့ ရန်ကုန်မြို့တရားရုံးတခုက သူ့ရဲ့ပစ်ဒါဏ်ကို ၈ နှစ်ခွဲလျော့ချပြီး ထောင်ဒါဏ် ၁၂ နှစ်ဆက်လက်ကျခံစေဖို့ အမိန့်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

နေဘုန်းလတ်ဟာ ၂၀၀၈ ခုနှစ်မှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကပေးအပ်တဲ့ အင်တာနက်အသုံးပြု တော်လှန်သူဆုကို ဟာသသရုပ်ဆောင်ဇာဂနာနဲ့ပူးတွဲရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၀ ခုနှစ်မှာ လွတ်လပ်စွာရေး သားဖော်ထုတ်မှုအတွက် တိုက်ပွဲဝင်နေတဲ့စာရေးဆရာတွေ ကိုချီးမြင့်တဲ့ နယူးယောက်အခြေစိုက် အမေရိကန် ကလောင်ရှင်အသင်းရဲ့ PEN/Barbara Goldsmith လို့ခေါ် တဲ့ လွတ်လပ်စွာရေးသားခွင့်ဆုကို ရရှိခဲ့ပါတယ်။ တနှစ်ထဲမှာပဲ Time မဂ္ဂဇင်းကရွေးချယ်တဲ့ ကမ္ဘာကြီးကိုသက် ရောက်မှုရှိစေခဲ့တဲ့သူရဲကောင်း ၁၀၀ စာရင်းမှာ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

ကျမမြန်မာပြည်မှာရှိစဉ်က နေဘုန်းလတ်နဲ့ခင်မင်ခွင့်မရခဲ့ပါဘူး။ သူ့နံမည်ကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူကြားလာရတော့ ကျမက International Writing Program ကိုတက်ရောက်နေရင်း အိုင်အိုဝါတက္ကသိုလ် မှာရှိနေပါတယ်။ ကျမမြန်မာပြည်ပြန်ရောက်တော့ သူကထောင်ထဲရောက် နေပါပြီ။ ကျမ အမေရိကားကို ၂၀၀၉ ခုနှစ်မှာ နောက်တကြိမ်ထွက်လာတော့ သူကထောင်ထဲမှာကျန်ခဲ့တယ်။ ၂၀၁၂ ဇန်န၀ါရီမှာ ဦးသိန်းစိန်အစိုးရရဲ့ စတုတ္တအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာနဲ့ သူပြန်လွတ်လာတော့ သူ လွတ်မြောက်ပြီးမကြာခင်ပဲ ကျမဖုန်းဆက် ဖြစ်ပါတယ်။ “အမကိုကျနော်သိပါတယ်” ဆိုပြီး သူက လှိုက်လှိုက်လှဲ လှဲ တုန့်ပြန်ပါတယ်။ သူလွတ်ကတည်းက ကျမတို့မကြာခနဖုန်းပြောဖြစ်ပါတယ်။ အွန်လိုင်းမှာလည်းတွေ့ကြ ပါတယ်။

၂၀၁၂ နိုဝင်ဘာလထဲမှာတော့ ကျမတို့လူချင်းဆုံတွေ့ရပါပြီ။ သူက International Writing Program နဲ့ အမေ ရိကားကိုရောက်လာပြီး ပရိုဂရမ်ပြီးတော့ ကျမနေထိုင်ရာ မေရီလန်းပြည်နယ်မှာ တပါတ်လောက်ဆက်နေဖြစ်ပါ တယ်။ ကျမတို့စကားတွေတော်တော်များများပြောဖြစ်ပါတယ်။ သူပြောခဲ့တာတွေထဲက ကျမမှတ်မှတ်ရရဖြစ်နေ တာလေးတခုရှိပါတယ်။

“ထောင်တွင်းအချိန်တွေကို ငါဘာမှအမှားမလုပ်ခဲ့ဘူးဆိုတဲ့စိတ်ရယ်။ ငါတယောက်ထဲမဟုတ်ဘူးဆိုတဲ့စိတ်ရယ် နဲ့ဖြတ်ကျော်ခဲ့တယ်ပေါ့။ ငါအမှားလုပ်ခဲ့ပါလား ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမလုံတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုပြန်ပြီး ရွံရှာ နေတဲ့ စိတ်တွေ ကျနော်တို့မှာမရှိဘူး။ အဲဒီစိတ်က နေရထိုင်ရတာတော်တော်အဆင်ပြေစေတယ်။ နောက် တခုကကျတော့ ကျနော်တယောက်ထဲ မဟုတ်ဘူးဗျာ။ ခံနေရတဲ့သူတွေ ကိုယ့်ထက်ဆိုးတဲ့သူ တွေအများကြီး။ ကျနော်အရင်အဖမ်းခံရပြီး ခုထိမလွတ်သေးတဲ့သူတွေ အများကြီးရှိသေးတယ်။ အဲဒီတုန်းက ကိုမင်းကိုနိုင်တို့ဆို ပထမအကြိမ် ၁၆ နှစ်လောက်ကျပြီးနောက် တကြိမ် အဖမ်းခံနေရတဲ့အချိန်။ အဲဒီတော့ ဒီလူတွေနဲ့ ကျနော်အတူ ရှိနေရတဲ့ အနေအထားတခုမှာ ကျနော်က ထူးထွေပြီး တော့စိတ်ဓါတ်ကျနေစရာ၊ စိတ်ညစ်နေစရာမလိုဘူး။ စိတ်ညစ်နေရမှာကိုတောင်ပြန်ပြီးရှက်သွားတာပေါ့နော်။”

လူငယ်သူရဲကောင်းတဦးဖြစ်တဲ့သူ့ကိုတွေ့ချင်၊ စကားပြောချင်သူတွေကများတာမို့ သူတို့ကိုပါအချိန်ပေးရတဲ့ အတွက် သူနဲ့ကျမတို့ ပြောချင်တာ အကုန်လုံး တော့မပြောနိုင်ခဲ့ပါဘူး။ သူနဲ့စကားပြောဖြစ် တဲ့အချိန်တွေမှာ သူနှစ်ခါသုံးခါပြောခဲ့တာကတော့ “ အမပြန်မလာ တော့ဘူးလား။ မြန်မာပြည်တွင်းမှာ လုပ်စရာတွေအများ ကြီးရှိတယ်” တဲ့။

သူအဲဒီလိုမေးတိုင်း ကျမက “ပြန်လာမှာပါ။ သိပ်မကြာခင်တနေ့နေ့ပေါ့” လို့ မှိန်ဖျော့ဖျော့အပြုံးနဲ့တုန့်ပြန်မိ တတ်ပါတယ်။ ကျမရဲ့သိပ်မကြာခင် တနေ့ နေ့ဆိုတာ ဘယ်တော့လောက်လဲအမလို့ သူဆက်မမေးတာကိုပဲ သူ့ကို ကျမကျေးဇူးတင်ခဲ့ရပါတယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.