Nu Nu Yi: The Writer, the Role Model, and the Bird (Burmese Text)

by Khet Mar  and translated by Courtney Wittekind.  /  January 10, 2013  / No comments

Photo: v i p e z. Creative Commons.

နုနုရည် (အင်းဝ)

ကိုယ်နှစ်သက်လေးစားတဲ့စာရေးဆရာတယောက်ကို အိမ်နီးခြင်းအဖြစ်တွေ့လိုက်ရတဲ့ အံ့သြ၀မ်းသာမှုကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျမ ခံစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျမကစာရေးဆရာဖြစ်ချင်နေသူဆယ် ကျော်သက်ကောင်မလေး။ သူမက နံမည်ကြီး စာရေးဆရာမ။ သူ့ရဲ့ “ ထမီလေးတထည်” ဆိုတဲ့ဝတ္တုတို ကလေးကိုစွဲလန်းပြီး ကျမရဲ့ပထမပိုင်းလက် စမ်းတဲ့ ၀တ္တုတိုလေးတွေကို အဲဒီပုံစံမှီးပြီးရေးခဲ့မိပါသေးတယ်။

၁၉၈၉ နှစ်လည်တရက်မှာ သူငယ်ချင်းတယောက်က စာရေးဆရာမနုနုရည်(အင်းဝ)က နင်တို့အိမ်နားမှာနေတာ လို့ပြောတာကြားကြားခြင်း ‘တွေ့ချင်လိုက်တာဟယ်၊ သွားလည်ရအောင်၊ သွားလည်လို့ရသလား’ လို့ ကျမ အငမ်းမရမေးမိခဲ့ပါတယ်။ ကျမ တို့ရောက်သွားတော့ မနုနုရည်က ဖော်ဖော်ရွေရွေကြိုဆိုခဲ့ပါတယ်။ အဲဒီတုန်းက ကျမလက်တည့်စမ်းထားတဲ့ လက်ရေးမူဝတ္တုတိုတထပ်ကြီးလည်း သယ်သွားဖို့မမေ့ခဲ့ပါဘူး။ နံမည်ကျော်စာရေး ဆရာမက ကျမ၀တ္တုလေး တွေကိုသေချာဖတ်ပြီးအကြံဥာဏ်ပေးခဲ့ပါတယ်။ ကျမရဲ့ဝတ္တုတိုလေးတွေမဂ္ဂဇင်းကို ပို့ဖြစ်ခဲ့တဲ့အကြောင်းတွေ ထဲမှာ မနုနုရည်တို့ဇနီးမောင်နှံရဲ့အားပေးမှုလည်းပါဝင်ခဲ့ပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

မနုနုရည်နဲ့ပတ်သက်ပြီး ကျမမမေ့တဲ့တရက်အကြောင်းကိုပြောချင်ပါတယ်။ အဲဒီနေ့က သူကအိမ်လာခဲ့ပါဦးဆို လို့ ကျမတို့သူငယ်ချင်းတသိုက်သွားကြတာ။ သူက ကျမမျက်နှာကို လေးလေးနက်နက်ကြည့်ပြီး စကားစတယ်။ မြန်မာနိုင်ငံမှာ ၀တ္တုတွေ ဆောင်းပါးတွေကိုစာပေစိစစ်ရေးကဖြတ်တယ်၊ ပယ်တယ်ဆိုတာမဆန်းဘူးတဲ့။ ခနနား ပြီးတော့မှ ကိုယ့်ဝတ္တုကိုစိစစ်ရေးကဖြုတ်တာခံရတယ်ဆိုရင် စိတ်မပျက်ရဘူးနော်တဲ့။ အဲဒီအချိန်မှာ ကျမက မဂ္ဂဇင်း ၄ခုလောက်ကို စာမူတပုဒ်စီပို့ထားတဲ့အချိန်ပေါ့။ သူကျမကို စာရေးသူတွေကြုံရတတ်တဲ့ကိစ္စတွေ အကြောင်းပြောပြနေတယ်ပဲထင်တာ။ ခနနေတော့မှ “မို့မို့ မဟေသီကိုပို့တဲ့ဝတ္တုအရွေးခံရတယ်။ ရိုက်လည်းရိုက် ပြီးနေပြီ။ ဒါပေမယ့် စီစစ်ရေးကတပုဒ်လုံးဆင်ဆာဖြတ်တယ်”တဲ့။ အဲဒါကျမရဲ့ပထမဆုံးမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံ ရတဲ့ဝတ္တုတိုပါ။

အဲဒီနောက်ပိုင်းမနုနုရည်နဲ့ ကျမတို့ နှစ်ပေါင်းများစွာရင်းနှီးခင်မင်ခဲ့ပါတယ်။ သွေးသားလို ရင်းရင်းနှီးနှီးပေါင်း သင်းပြီး သတိပေးစရာရှိသတိပေး၊ ဆုံးမသွန်သင်စရာရှိ ဆုံးမတဲ့ သူတို့မောင်နှံရဲ့အိမ်ဟာ ကျမတို့သူငယ်ချင်း တသိုက်ရဲ့စားအိမ်၊ သောက်အိမ်ပေါ့။

မနုနုရည်က မြန်မာနိုင်ငံအလယ်ပိုင်းအင်းဝသူပါ။ အင်းဝမှာကြီးပြင်းပြီး မန္တလေးတက္ကသိုလ်မှာပညာရှာခဲ့ပါ တယ်။ အိမ်ထောင်ကျတော့ ခင်ပွန်းဖြစ်သူက တက္ကသိုလ်ဆရာဖြစ်တာမို့ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာ ခုချိန်ထိကျင်လည်နေရတဲ့ သူ့မရဲ့ဝတ္တုတွေထဲမှာ ကျေးလက်နေပြည်သူတွေရဲ့ဘ၀နဲ့ရုန်းကန်လှုပ်ရှားမှုတွေ၊ တက္ကသိုလ်ကျောင်းသားနဲ့လူလတ်တန်းစားတွေရဲ့ခံစားမှုတွေဟာ ခေတ်ရဲ့ပုံရိပ်တွေအဖြစ်ထင်ဟပ်နေ တတ် ပါတယ်။ လူထုရဲ့အခြေအနေမှန်ကို ဖော်ပြမှာစိုးရိမ်တဲ့ မြန်မာနိုင်ငံရဲ့စာပေစိစစ်ရေးနဲ့ စာရေးဆရာမနုနုရည် နှစ်ပေါင်းများစွာနပန်းလုံးခဲ့ရတာပေါ့။ ကျမစိတ်ထင် မနုနုရည်ရေးခဲ့သမျှရဲ့တ၀က်လောက်ဟာ စာကြောင်း တချို့ဖြစ်စေ၊ စာပိုဒ်တချို့ဖြစ်စေ၊ တပုဒ်လုံးဖြစ်စေ စာပေစိစစ်ရေးနဲ့ငြိခဲ့၊ အဖြုတ်အပယ်ခံခဲ့ရပါတယ်။

၁၉၈၄ မှာစာပေလောကထဲစတင်ဝင်ရောက်ခဲ့တဲ့ မနုနုရည်ဟာ ဒီနေ့ထိလုံးချင်းဝတ္တု ၁၄အုပ်နဲ့ ၀တ္တုတိုပေါင်း ၁၀၀ကျော်၊ ဆောင်းပါးပေါင်း ၁၀၀ကျော်ရေးခဲ့ပြီးပါပြီ။ ထိုင်းနိုင်ငံချင်းမိုင်အခြေစိုက် BBC မြန်မာဌာနအတွက် HIV/ AIDS နဲပပတ်သက်ပြီးအသိပညာပြန့်ပွားရေးနဲ့သက်ဆိုင်တဲ့ ရေဒီယိုဇာတ်ညွှန်းပေါင်းများစွာ လည်းရေး သားခဲ့ပါတယ်။ ၁၉၉၃ မှာ သူမရဲ့ ‘ မြစိမ်းပြာကမာရွတ်’ လုံးချင်းဝတ္တုဟာ အမျိုးသားစာပေဆုချီးမျြင့်ခံခဲ့ရ ပါတယ်။ ၁၉၉၀ ကျော်ကာလတွေမှာ မနုနုရည်လုံးချင်းတွေအထွက်ကျဲသွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး လွတ်လပ်သောအာရှအသံကထုတ်လွှင့်ခဲ့တဲ့အသံလွှင့်ဆောင်းပါးတခုထဲမှာ အခုလိုပြောခဲ့ဖူးပါတယ်။

“ စာရေးသက်တလျှောက်လုံးစာပေစိစစ်ရေးကိုခနခနရောက်၊ ကိုယ့်စာတွေခနခနအဖြုတ်အပယ်ခံရတော့ ၁၉၉၀ ကျော်ကာလတွေမှာ စာရေးဖို့ လက်ပန်းကျသလိုဖြစ်သွားခဲ့တယ်’ တဲ့။

၁၉၉၄ မှာရေးခဲ့တဲ့ “ပြုံး၍လည်းအကန်တော့ခံတော်မူပါ၊ ရယ်၍လည်းအကန်တော့ခံတော်မူပါ’ လုံးချင်းကိုတော့ အင်္ဂလိပ်ဘာသာပြန်ဆိုပြီး 2007 Man Asian Literary Prize ပမာဏရွေးချယ်ခံစာရင်းမှာပါဝင်ခဲ့ပါတယ်။ အဲဒီစာအုပ်ကို ၂၀၀၈ ခုနှစ်မှာ New York: Hyperion စာအုပ်တိုက်က အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့ ပါတယ်။

စာစရေးကတည်းက စာစိစစ်ရေးနဲ့ရင်ဆိုင်သတ်ပုတ်ခဲ့ရတဲ့ စာရေးဆရာမနုနုရည်ဟာ အခုအချိန်မှာ စာပေစိစစ် ရေးကိုဖျက်သိမ်းလိုက်တဲ့အတွက် သူရေးချင်တာရေးလို့ရပါပြီ။ ဒါပေမယ့် လက်ရှိကာလအတွက်ခံစားမှုကို လွတ်လပ်တဲ့အာရှအသံဆောင်းပါးထဲမှာ အခုလို ပြောသွားခဲ့ပါတယ်။

“ဖေ့စ်ဘွတ်ထဲမှာစာပေစိစစ်ရေးမရှိတော့တဲ့ကာလ စာရေးဆရာတွေရဲ့ဘ၀ကိုပုံဖော်ထားတဲ့ကာတွန်းလေးတခု တွေ့တယ်။ သဘောကျလိုက်တာ။ စာရေးဆရာကို စာပေစိစစ်ရေးဆိုတဲ့လှောင်အိမ်ထဲကလွှတ်လိုက်တဲ့ငှက် အဖြစ်သရုပ်ဖော်ထားတာလေ။ ငှက်ကလှောင်အိမ်ကတော့လွတ်လာပါရဲ့၊ လှောင်အိမ်ထဲမှာ ၄၈ နှစ်နဲ့ ၁၁ရက် နေခဲ့ရတော့ အတောင်တွေလည်းကျွတ်ပြီး အားကုန်နေတာ။ ပျံလို့မရသေးဘူး။ ကျမတို့စာရေးဆရာတွေက အဲဒီအတိုင်းကိုဖြစ်နေတာ”

ကျမယုံကြည်နေတာကတော့ မနုနုရည်အပါအ၀င်မြန်မာစာရေးဆရာတွေဟာ အခုအချိန် အတောင်တွေကျွတ် ပြီး အားအင်ချိနဲ့ကောင်းချိနဲ့နေမယ်။ လွတ်လွတ်လပ်လပ်မပျံသန်းရတာကြာလို့ လွတ်လွတ်လပ်လပ်ပျံသန်း နည်းနဲ့ လတ်တလောမှာစိမ်းချင်စိမ်းနေမယ်။ တနေ့နေ့မှာတော့ အင်သစ်အားသစ်၊ အတောင်ပံအသစ်တွေနဲ့ လေဟုန်စီးကြဦးမှာပါလို့။ ငှက်ဆိုတာ ပျံရင်းသေကြရတာမဟုတ်လား။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.