Par Par Lay: The Power of Laughter (Burmese Text)

by Khet Mar    /  January 24, 2013  / No comments

The Moustache Brothers (Lu Zaw, Par Par Lay, and Lu Maw) refuse to stop performing despite political persecution. Photo: Wikimedia Commons

ပါပါလေး

မြန်မာ့အနုပညာလောကမှာ ကိုယ်တတ်စွမ်းတဲ့အနုပညာနဲ့ ကိုယ်ယုံကြည်ရာကိုဖော်ထုတ်မိလို့ ထောင်သွင်း အကျဉ်းချခံခဲ့ရသူတွေထဲမှာ မန္တလေးကလူရွှင်တော်ဦးပါပါလေးလည်းတယောက် အပါအ၀င်ဖြစ်ပါတယ်။ ဦးပါပါလေးဟာ လူရွှင်တော်မျိုးရိုးကဆင်းသက်ခဲ့သူဖြစ်ပါတယ်။ အဘိုးနဲ့အဖေတို့ကလူရွှင်တော်တွေဖြစ်ခဲ့သလို ဦးပါပါလေးနဲ့ညီ ဦးလူမော်၊ ညီတ၀မ်းကွဲဦးလူဇော်တို့ဟာလည်း နှုတ်ခမ်းမွှေးညီနောင်များဆိုတဲ့အငြိမ့်အဖွဲ့တည် ထောင်ပြီး လူရွှင်တော်များအဖြစ် အသက်မွေးကြပါတယ်။ သူတို့ညီအကိုတွေရဲ့အိမ်ထောင်ဖက်တွေကလည်း အကပညာရှင်တွေဖြစ်ကြပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

ဦးပါပါလေးနဲ့ ဦးလူဇော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲကာလက အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် တွေအတွက် မဲဆွယ်စည်းရုံးပေးခဲ့မှုနဲ့ ၆ လတာထိမ်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ရန်ကုန်မြို့ တက္က သိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ခြံဝင်းအတွင်းကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခသုက္ခတွေကိုပျက်လုံးနဲ့ဖော်ထုတ်မိတဲ့အတွက် အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၇ နှစ်အပြစ်ပေးခံခဲ့ရပြီး မြစ်ကြီးနားမြို့နယ်က ရဲဘက်စခန်းတခုကိုပို့ခြင်းခံခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဦးပါပါလေး ထောင်ကလွတ်လာခဲ့ပါတယ်။

ဦးပါပါလေးတို့ အကျဉ်းကျခံနေရစဉ်မှာ ညီဖြစ်သူဦးလူမော်နဲ့အဖွဲ့ဟာ တရားဝင်ပွဲကခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ဦးလူမော်တို့မိသားစုဟာ ကိုယ်တတ်စွမ်းတဲ့ပညာနဲ့ နိုင်ငံခြားသားတွေကိုအိမ်မှာပဲ အင်္ဂလိပ်လိုကပြဖျော်ဖြေရပ် တည်ခဲ့ကြပါတယ်။ အဲဒီကရတဲ့ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေးကိုဖြေရှင်းခဲ့ရသလို အကိုဖြစ်သူတွေကို ထောင် ၀င်စာပံ့ပိုးခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်လောက်မှာ ကျမမန္တလေးရောက်ခိုက် ဦးလူမော်တို့ရဲ့ အင်္ဂလိပ်လိုတင်ဆက်တဲ့အငြိမ့်ကိုကြည့်ခွင့်ရခဲ့ ပါတယ်။ အဲဒီကတည်းက နှုတ်ခမ်းမွှေးညီနောင်များအဖွဲ့ကို စိတ်ဝင်စားခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာကျမတို့မိသားစု အမေရိကားကိုရွှေ့ပြောင်းနေထိုင်ပြီးမကြာခင်မှာပဲ သူတို့ညီအကိုကို ကျမတယ်လီဖုန်းနဲ့ဆက်သွယ်စကားပြော ခွင့် မကြာခနရခဲ့ပါတယ်။ မန္တလေးမှာနေထိုင်တဲ့ကျမရဲ့ ဆရာသမားမိတ်ဆွေသူငယ်ချင်းများရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ သူတို့ညီနောင်ဟာ ကျမဖုန်းဆက်တိုင်း နွေးနွေးထွေးထွေးနဲ့ ကျမသိလိုသမျှဖြေပေးခဲ့တာချည်းပါပဲ။

၂၀၁၀ မှာ ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက် တနည်းတဖုံပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ် သက်လို့ ဦးပါပါလေးကို သူ့ပရိတ်သတ်က မကြာခနမေးခွန်းထုတ်တာခံရကြောင်း ဖုန်းပေါ်ကစကားဝိုင်းတခုမှာ ဦးပါပါလေးက ကျမကိုပြောပါတယ်။

“ လူတွေကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတကြီးနဲ့တွဲပြီး အလုပ်တွေလုပ်နေပြီလို့ပြောကြတယ်။ ကျနော်ကတော့ မြန်မာနိုင်ငံဒီမိုကရေစီရမရတော့ ကျနော်မပြောတတ်ဘူး။ ကျနော်တော့ဒီမိုကရေစီမရသေးတာ သေချာတယ်ဗျလို့ပြောလိုက်တယ်။ ဘာလို့ လည်းဆိုတော့ ကျနော်တတ်တဲ့အနုပညာနဲ့ ကျနော်ယုံကြည်ရာကိုတင်ပြမိလို့ အပြစ်ရှိတယ်ဆိုပြီး ကျနော် ထောင်ကျခံခဲ့ပြီးပြီ။ ၂၀၀၁ ထောင်ကလွတ်တော့ ကျနော့်ကိုတာဝန်ရှိသူတွေကခေါ်ပြီးပွဲမိန့်ပိတ်ကြောင်း ပြောတယ်။ ကျနော်ကိုယ်ပိုင်အငြိမ့်တင်မက ကျနော်ပါရင် ဘယ်ပွဲမှပြခွင့်မပေးဘူးလေ။ ဒါကြောင့်ပါ။”

မျိုးရိုးစဉ်ဆက် လူရွှင်တော်အလုပ်ကိုမြတ်မြတ်နိုးနိုးလုပ်ကိုလာတဲ့ လူရွှင်တော်ဦးပါပါလေးအတွက် တရားဝင် ပွဲကခွင့်မရတာဟာ ကြီးမားစွာသောအနှောက်အယှက်ဖြစ်ပါတယ်။ သူကတော့ စိတ်အနှောက်အယှက်ဖြစ်ပေ မယ့် စိတ်ဓါတ်ကျပုံမရပါဘူး။ သူလုပ်ချင်တာလုပ်လို့မရချိန်မှာ သူလုပ်နိုင်တာတွေကိုလုပ်နေပါတယ်။ သူနေ ထိုင်ရာမြန်မာနိုင်ငံအလယ်ပိုင်းက မြို့ရွာကျေးလက်ဒေသတွေမှာ လူထုကို လက်ရှိနိုင်ငံရေးအခြေအနေတွေ ရှင်းလင်းပြပြီး မကြောက်တရားတွေလိုက်ဟောနေပါသတဲ့။

“ လူထုက နှစ်ပေါင်းများစွာ အာဏာရှင်စံနစ်အောက်မှာနေလာရတော့ ကိုယ့်အခွင့်အရေးတွေကို ကိုယ်မသိကြ တော့ပဲ ကြောက်ပဲကြောက်နေကြတယ်။ အဲဒါကြောင့် အကြောက်တရားကင်းကင်းနဲ့ ကိုယ့်ရပိုင်ခွင့်ရှိတဲ့အတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်လိုလားတဲ့ခေါင်းဆောင်ကို ရဲရဲရင့်ရင့်ရွေးချယ်တင်မြှောက်နိုင်အောင် မကြောက် တရားတွေလိုက်ဟောခဲ့တာပါ” လို့ ဦးပါပါလေးကပြောပါတယ်။

လူရွှင်တော်ဘ၀ကို သူဘယ်လောက်မြတ်နိုးသလဲဆိုတာကိုလည်း သူပြောတဲ့စကားထဲကခံစားကြည့်နိုင်ပါ တယ်။

“ အကယ်၍ ကျနော်သေသွားပြီး နောက်ဘ၀လူပြန်ဖြစ်ခွင့်ရဦးမယ်ဆိုရင်တောင် ကျနော်လူရွှင်တော်ပဲဖြစ်ချင် ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူရွှင်တော်ဆိုတာ လူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အလုပ်ပါ။ လူထုပျော်နေတာတွေ့ရင် လူရွှင်တော်တွေလည်းပျော်ရပါတယ်။ လူထုသိသင့်တာတွေကိုပညာပေးနိုင်သလို လူထုခံစားနေရတာတွေကို သက်ဆိုင်သူတွေသိအောင် ဖော်ထုတ်ပေးနိုင်တဲ့အလုပ်မို့ပါ။”

ကျမကတော့ သူ့ရဲ့နောက်ဘ၀နဲ့ပတ်သက်တဲ့ဆန္ဒကို သိပ်အားမပေးချင်ပါဘူး။ ဘယ်သူမှအတတ်မပြောနိုင်တဲ့ နောက်ဘ၀အတွက် မျှော်လင့်ဆုတောင်းနေကြမယ့်အစား လက်ရှိဘ၀မှာကိုယ်မြတ်နိုးတဲ့အလုပ်လည်းဖြစ် လူတွေကိုပျော်ရွှင်စေတဲ့အလုပ်လည်းဖြစ်တဲ့ လူရွှင်တော်အလုပ်ကို ဦးပါပါလေးတယောက် လွတ်လွတ်လပ် လပ်ပြန်လုပ်ခွင့်ရနိုင်မယ့်နည်းလမ်းရှိရင်သာ ပူးပေါင်းပါဝင်ချင်ပါတယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.