Maung Swan Yi, A Burmese Encyclopedia (Burmese Text)

by Khet Mar    /  February 21, 2013  / No comments

Maung Swan Yi

Maung Swan Yi’s work was banned in Burma until 2010, but that didn’t stop him from publishing. Photo: MoeMaKa Multimedia.

မောင်စွမ်းရည်

အစကတည်း အဖမ်းခံရမှာကြောက်လို့ တိုင်းပြည်ကထွက်လာတာဆိုတော့ မပြန်ဖြစ်တော့ဘူးပေါ့။ အဲဒီ စကားကိုပြောခဲ့တာက အမျိုးသားစာပေဆုရှင် ကဗျာဆရာ၊ ဝေဖန်ရေးဆရာကြီးမောင်စွမ်းရည်ပါ။

ဆရာ့ဟာ “အနီနဲ့အပြာ” ကဗျာပေါင်းချုပ်စာအုပ်နဲ့ ၁၉၆၄ ခုနှစ်မှာ အမျိုးသားစာပေဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါ တယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံမြို့နယ်မှာမွေးဖွားခဲ့တဲ့ ဆရာမောင်စွမ်းရည်ဟာ အထက်မြန်မာနိုင်ငံရဲ့စာပေဆိုင် ရာကိစ္စတွေမှာ ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၅၇ ကနေ ၁၉၅၉ အထိမန္တလေးတက္ကသိုလ်ကျောင်း သားသမဂ္ဂရဲ့ ပြန်ကြားရေးဌာနတွဲဖက်အတွင်းရေးမှုးအဖြစ်တာဝန်ယူခဲ့တဲ့ဆရာမောင်စွမ်းရည်ဟာ ၁၉၆၀ လွန် ကာလတွေမှာ မန္တလေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းကော်မတီရဲ့အတွင်းရေးမှုးလုပ်ခဲ့သလို မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း အတွင်းရေးမှုး။ အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းတွဲဖက်အတွင်းရေးမှုး စတဲ့တာဝန် တွေလည်းထမ်းဆောင်ခဲ့ပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ရပြီးနောက်ပိုင်းမှာ သမိုင်းနဲ့ပြည်သူ့နီတိသင်ရိုးအဖွဲ့ဝင်၊ ကျောင်းသုံးစာအုပ်ပြုစု ထုတ်ဝေရေးကော်မတီအတွင်းရေးမှုး၊ ပညာတန်ဆောင်ပညာရေးမဂ္ဂဇင်း အတိုင်ပင်ခံအယ်ဒီတာ၊ စတဲ့ မြန်မာနိုင်ငံပညာရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့တာဝန်တွေလည်းယူခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာတဲ့အခါမှာလည်း အခြေခံပညာဦးစီးဌာနသမဂ္ဂရဲ့ပြန်ကြားရေးတာဝန်ခံ ဖြစ်ခဲ့သလို ကမာရွတ်မြို့နယ်စာရေးဆရာသမဂ္ဂကိုဦးဆောင်ဖွဲ့စည်းခဲ့သူတဦးလည်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖွဲ့စည်းတဲ့အခါမှာ တတ်သိပညာရှင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ ပြန်ပါတယ်။

၁၉၈၉ ခုနှစ် ကျမစာပေလောကထဲဝင်ပြီးမကြာခင်မှာပဲ စာပေနယ်ကအထင်ကရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဆရာမောင် စွမ်းရည်နဲ့တွေ့ဆုံခင်မင်ခဲ့ပါတယ်။ တက်သစ်စလူငယ်စာပေသမားတဦးကို နွေးနွေးထွေးထွေးကြိုဆိုပြီး လိုအပ် တာတွေအကြံပေးညွှန်ပြတတ်သူဆရာမောင်စွမ်းရည်နဲ့ ကျမအချိန်တိုအတွင်းမှာပဲရင်းနှီးခင်မင်ခဲ့ကြပါတယ်။

ဆရာမောင်စွမ်းရည်ဟာ အစိုးရ၀န်ထမ်းဖြစ်လျှက်နဲ့ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်ခဲ့မှု ကြောင့် ၂၀၀၂ ခုနှစ်မှာ ထောက်လှမ်းရေးက ၂ ကြိမ်ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါတယ်။ “အဲဒီကတည်းက ကိုယ့် လုံခြုံရေးကို စပြီးစိုးရိမ်ခဲ့ရပြီ”လို့ ဆရာမောင်စွမ်းရည်က ကျမကိုပြောပါတယ်။

၂၀၀၂ မှာခေါ်ယူစစ်ဆေးခံခဲ့ရပြီးမကြာခင် ၂၀၀၂ နိုဝင်ဘာလမှာပဲ နယ်သာလန်နိုင်ငံ အမ်မ်စတာဒမ်မြို့ Leiden University မှာကျင်းပတဲ့ အာရှစာပေနှီးနှောဖလှယ်ပွဲမှာ “Chewing over the West” ဆိုတဲ့စာတမ်း ကိုဖတ်ကြားဖို့သွားရာက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ International Writing Program မှာပူးပေါင်းပါဝင်ခဲ့ပါ တယ်။ International Writing Program အပြီးမှာ Northern Illinois University က Center for Burmese Study မှာ တနှစ်တာလေ့လာဖို့ ပညာသင်ဆုရရှိခဲ့ပါတယ်။

“အမေရိကားကိုစရောက်ချိန်က မြန်မာနိုင်ငံက စစ်အစိုးရလက်အောက်မှာတံခါးပိတ်ဝါဒကျင့်သုံးနေတော့ မြန်မာနိုင်ငံထဲကထွက် လာတဲ့စာရေးဆရာတယောက်ကို ပြည်ပသတင်းဌာနတွေက အင်တာဗျူးချင်တာပေါ့။ အဲဒီလိုဗျူးကြတဲ့အခါကျတော့လည်း မြန်မာနိုင်ငံရဲ့စာပေလွတ်လပ်ခွင့်တို့၊ လူ့အခွင့်အရေးတို့ဆိုတာတွေကို ပဲသူတို့စိတ်ဝင်စားကြတာပေါ့။ ဖြေတဲ့သူကလည်းဘယ်မှာရှောင်လို့ရမလဲ။ ပြီးတော့ စာရေးဆရာ၊ ကဗျာဆရာ တယောက်အနေနဲ့လည်း ကိုယ့်တိုင်းပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေ၊ ကိုယ်စာပေလောကရဲ့လွတ်လပ်ခွင့် အနေအထားကိုပြောရမယ့် တာဝန်ရှိတယ်လို့ထင်တယ်လေ။ ဒီတော့ ပြောစရာရှိတာပြောတာပေါ့။ အစထဲက အဖမ်းခံရမှာကြောက်လို့ ထွက်လာတဲ့သူဆိုတော့ အဲဒီလိုစကားတွေပြောမိတဲ့အခါ ပြန်ရင်အဖမ်းခံရဖို့ကသေချာ နေပြီဆိုတော့ မပြန်ဖြစ်တော့ဘူးပေါ့။” လို့ ဆရာက ကျမကိုပြောခဲ့ဖူးပါတယ်။

ဆရာပြောသလိုပဲ စစ်အစိုးရရဲ့အာဃာတဟာ ထင်ရှားလှပါတယ်။ ၁၉၆၈ ခုနှစ်ကတည်းက အလယ်တန်းနဲ့ အထက်တန်း မြန်မာစာကျောင်းသုံးစာအုပ်မှာပြဌာန်းခဲ့တဲ့ ဆရာ့ကဗျာတွေကို ကျောင်းသုံးစာအုပ်သင်ရိုးထဲက နေထုတ်ပယ်ခဲ့ပါတယ်။ အဲဒီလိုပဲ ၂၀၀၃ခုနှစ်ထဲက ဆရာ့စာ၊ ကဗျာတွေကိုပြည်တွင်းဂျာနယ်မဂ္ဂဇင်းတွေကို ဖော်ပြခွင့်ပိတ်ပင်ခဲ့ရုံမက ဆရာ့နံမည်ကိုပါ ဖော်ပြခွင့်မရခဲ့တာ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်သည်အထိပါပဲ။

ဒါပေမယ့်ဆရာက သူလုပ်စရာရှိတာတွေကို လုပ်ခွင့်ရတဲ့နေရာတွေမှာဆက်လုပ်ခဲ့ပါတယ်။ အဲဒီ ၂၀၀၃ ခုနှစ်ထဲ ကနေ အခုအချိန်ထိ လွတ်လပ်တဲ့အာရှအသံ၊ Voice of America? Democratic Voive of Burma စတဲ့ ပြည်ပ အခြေစိုက် မြန်မာသတင်းဌာနတွေမှာ ပြင်ပဆောင်းပါးရှင်အဖြစ် နိုင်ငံရေးနဲ့စာပေဆိုင်ရာ အပါတ်စဉ် အစီအစဉ်တွေတင်ဆက်ခဲ့ပါတယ်။ ပြည်ပအခြေစိုက်မဂ္ဂဇင်းဂျာနယ်တွေမှာ စာကဗျာတွေအဆက်မပြတ်ရေးခဲ့ပါ တယ်။ ဒီနေ့အထိ ပြည်တွင်းပြည်ပမှာ ကဗျာပေါင်းချုပ်၊ စာပေဆောင်းပါး၊ ဝေဖန်ရေးနဲ့ ဘာသာပြန်စာအုပ်ပေါင်း ၁၅ အုပ်ထုတ်ဝေခဲ့ပြီးပါပြီ။

ဆရာမောင်စွမ်းရည် မြန်မာနိုင်ငံကထွက်ခွာခဲ့တဲ့ ၂၀၀၂ ခုနှစ်ကစပြီး ကျမတို့လူချင်းမဆုံဖြစ်ခဲ့တော့တာ ၂၀၀၇ ခုနှစ်မှာ International Writing Program ကိုတက်ရောက်ဖို့ ကျမအမေရိက ကိုရောက်တော့မှပြန်လည်ဆုံ ဆည်းခွင့်ရပါတော့တယ်။ ၂၀၀၉ မှာမိသားစုနဲ့အတူ ကျမအမေရိကားကိုဒုတိယအကြိမ်ပြန်ရောက်တော့လည်း ဆရာနဲ့ပြန် ဆက်သွယ်မိပြီး မကြာခန၊ အထူးသဖြင့် စာပေနဲ့သက်ဆိုင်တဲ့ပွဲတွေမှာဆုံတွေ့ကြပါတယ်။

အမေရိကားမှာတော့ ဆရာဟာသက်ရှိမြန်မာ့စွယ်စုံကြမ်းအသေးစားတခုပါပဲ။ မြန်မာ့စာပေဆိုင်ရာနဲ့သမိုင်း ဆိုင်ရာတွေ သိချင်ရင် ဆရာ့ဆီသာဖုန်းဆက်လိုက်ပါ။ ဆရာကခုနှစ်နဲ့တကွအသေးစိတ်ပြောပြလေ့ရှိတာပါပဲ။

ခုဆိုဆရာပြည်ပမှာနေထိုင်ခဲ့ရတာ ၁၀နှစ်ကျော်ပါပြီ။ ပြန်ချင်လျှက်နဲ့ မပြန်ခဲ့ရတဲ့မိခင်မြေကို ပြန်လည်ခြေချနိုင်ဖို့ အခွင့်အရေးတွေလည်းရှိနေပါပြီ။ ဆရာမပြန်ဘူးလားလို့ကျမကမေးတော့ ပြန်မှာပေါ့၊ နွေဦးမှာပြန်မယ်လို့မဆိုင်း မတွဖြေပါတယ်။

“မြန်မာလူမျိုးတယောက်၊ အထူးသဖြင့် မြန်မာအဘိုးအိုတယောက်အနေနဲ့ မြန်မာပြည်မှာပဲနေချင်တာပေါ့။ နေလို့မရလို့သာ ရေမြေခြားမှာနေခဲ့ရတာ။ အမေရိကားမှာနေခဲ့တဲ့ ၁၀နှစ်ကျော်ကာလအတွင်းမှာလည်း မြန်မာ လိုပဲနေ၊ မြန်မာလိုပဲစား၊ မြန်မာအ၀တ်အစားပဲဝတ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ပဲနေခဲ့တာလို့ ကိုယ့်အသက်ရှင်နေထိုင် မှုအပေါ်ဂုဏ်ယူကျေနပ်တဲ့အပြုံးနဲ့ ဆရာကပြောခဲ့ပါတယ်။

“ဆရာ့ရဲ့အိမ်ပြန်ချိန်နွေဦးဟာ ဆရာ့ကိုမြန်မာ့ရနံ့တွေနဲ့ကြိုဆိုထွေးပိုက်နိုင်ပါစေလို့ ကျမက ကြိုတင်ရင်ခုန်စွာ ဆုတောင်းပေးနေမိပါတော့မယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.