Ko Lay (Inn Wa Gone Yee): A Commander of Poetry (Burmese Text)

by Khet Mar    /  March 21, 2013  / No comments

Ko Lay

The Burmese poet Ko Lay. Photo: Courtesy of Khet Mar.

ကိုလေး (အင်းဝဂုဏ်ရည်)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတက္ကသိုလ်ကမွေးဖွားပေးလိုက်တဲ့စာရေးဆရာ ကဗျာဆရာတွေထဲမှာ ကဗျာ တပ်မှုးကြီးများလို့ ပြောစမှတ်ခံရသူ ၄ဦးပါဝင်ခဲ့ပါတယ်။ အဲဒီ ၄ ဦးထဲမှာ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

ဆရာကိုလေး(အင်းဝဂုဏ်ရည်) ဟာ တက္ကသိုလ်ကျောင်းသားဘ၀မှာ မန္တလေးတက္ကသိုလ် အဆောင်များ စာကြည့်တိုက်မှူး စစ်ကိုင်းခရိုင်အသင်း ဥာဏဗလမှူးတာဝန်တွေထမ်းဆောင်ခဲ့ပါသလို မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းအဖွဲ့ဝင်လည်းဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀ထဲက ကဗျာစရေးခဲ့တဲ့ဆရာ ဟာဒီနေ့အထိကဗျာကိုတစိုက်မတ်မတ်ရေးဖွဲ့ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာတော့ ‘လမ်းသစ်’ ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။

  1. Tea House
  2. မြန်မာနိုင်ငံမှာ အစိုးရကချုပ်ကိုင်ထားတဲ့သတင်းစာတွေမှာဖော်ပြလေ့မရှိတဲ့အကြောင်းအရာတွေကို ပြောဆို နားထောင်ချင်ရင် ကျမတို့တတွေ လဘက်ရည်ဆိုင်ကိုသွားကြပါတယ်။ လဘက်ရည်ဆိုင်တွေဟာ သူငယ်ချင်း စာရေးဆရာတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တခြားသောအနုပညာရှင်တွေနဲ့
    တွေ့ဆုံစကားဝိုင်းဖွဲ့ရတဲ့ နေရာဖြစ်သလို မိတ်ဆွေသစ်တွေတွေ့ရတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ ကျမတို့တတွေဟာ လဘက်ရည် ဆိုင်တွေထဲမှာ စာအကြောင်းပေအကြောင်း နိုင်ငံရေးအကြောင်းတွေပြောကြပါတယ်။ ဒီစာမျက်နှာကလေးမှာတော့ ကျမတို့ပျော်မွေ့ခဲ့ကြတဲ့ လဘက်ရည်ဆိုင်ကစကားဝိုင်းတွေ ကိုလွမ်းဆွတ်စွာနဲ့ အဲဒီတုန်းက ပြောဖြစ်ကြ တဲ့အကြောင်းအရာတွေထဲကတချို့ကို တင်ပြကြည့်ဖို့ကြိုးစားခဲ့ပါတယ်။
  3. ခက်မာဟာ မြန်မာနိုင်ငံက စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာနဲ့အက်ဆေးရေးသူတဦးဖြစ်ပါတယ်။ “နှင်းရိုင်းကြွေတဲ့ည” အမည်ရှိ လုံးချင်းဝတ္တုတအုပ်နဲ့ ၀တ္တုတိုပေါင်းချုပ် ၃အုပ်၊ အက်ဆေးပေါင်းချုပ် ၁ အုပ်ေ၇းသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ခက်မာရဲ့ဝတ္တုတိုနဲ့ ကဗျာတချို့ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ စပိန် ဘာသာပြန်ဆိုခြင်းခံခဲ့ရသလို ရေဒီယိုဇာတ်လမ်းများ၊ ဇာတ်လမ်းတိုရုပ်ရှင်များအဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်။ ခက်မာဟာ ခိုလှုံရာဗိမာန် “City of Asylum/Pittsburgh” ရဲ့ ယာယီနေထိုင်ခွင့်ရစာရေးဆရာဟောင်းတဦးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ ကျမအရွယ်မျိုးဆက်အတော်များများဟာ ကိုလေး (အင်းဝဂုဏ်ရည်) ကို လူမမြင် ဖူးတောင်မှ နံမည်ကိုကြားဖူးကြပါတယ်။ အထက်တန်းမြန်မာစာ စာအုပ်မှာပြဌာန်းခဲ့တဲ့ ဆရာ့ရဲ့ ‘လမ်းသစ်’ ကဗျာကိုအော်ဟစ်ရွတ်ဆို ကျက်မှတ်ခဲ့ဖူးသူတွေချည်းပါပဲ။ ကျမကတော့ ကံကောင်းထောက်မစွာ စာပေနယ် ကိုရောက်ရှိခဲ့လေတော့ ဆရာနဲ့လူချင်းပါခင်မင်ခွင့်ရခဲ့ပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ဆရာ့ကို ကျမတို့မန္တလေးရောက်တိုင်း သွားရောက်တွေ့ဆုံနိုင်ဖို့ကြိုးစားလေ့ရှိပါတယ်။

၁၉၈၈ အရေးတောင်ပုံကြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုတည်ထောင်တဲ့အခါ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ဟာ တတ်သိပညာရှင်တစ်ဦးအနေနဲ့ ၀န်းရံအားပေး ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ပြီးတဲ့နောက်မှာ အဖွဲ့ချုပ်မှာ နိုင်ငံရေးဆိုင်ရာနေ့ကြီးရက် ကြီးတွေမှာ အမှတ်တရအခမ်းအနားတွေ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ အဲဒီလို နေ့ထူးနေ့မြတ် အထိမ်းအမှတ် ဟောပြောပွဲတွေထဲက အမျိုးသားနေ့ဟောပြောပွဲကတော့ အနည်းငယ်ထူးခြားတယ်လို့ပြောရမှာပါ။ ဘာကြောင့် လည်းဆိုတော့ နှစ်စဉ်နှစ်တိုင်း ဟောပြောတဲ့သူမပြောင်းတာပါပဲ။ အမျိုးသားနေ့ ရောက်တိုင်း NLD ဌာနချုပ်မှာ ပင်တိုင်ဟောပြောသူနှစ်ဦးကတော့ အင်းဝသားကဗျာဆရာကြီးနှစ်ဦးဖြစ်တဲ့ ဦးကြည်အောင်နဲ့ ဦးကိုလေး (အင်းဝဂုဏ်ရည်) တို့ပါပဲ။

ဒါပေမဲ့ ၁၉၉၅ နောက်ပိုင်းနှစ်တွေမှာတော့ နအဖ အာဏာပိုင်တွေ၊ စစ်ထောက်လှမ်းရေးတွေက NLD ကကျင်းပ တဲ့ အမျိုးသားနေ့အခမ်းအနားမှာ ဟောပြောဖို့ရောက်လာလေ့ရှိကြတဲ့ ဆရာနှစ်ဦးရဲ့ ခရီးသွားလာမှု၊ တည်းခို နေထိုင်မှုတွေကို နှောင့်ယှက်ဟန့်တားတာမျိုး ကန့်သတ်၊ ပိတ်ပင်တာမျိုးတွေလုပ်လာပါတယ်။စစ်ထောက်လှမ်း ရေးက စီစဉ်သတ်မှတ်ပေးတဲ့နေရာမှာပဲ တည်းခိုရမယ်ဆိုတာမျိုး၊ ဘယ်မသွားရ ဘာမလုပ်ရဆိုတဲ့ မလိုလား အပ်တဲ့ ကန့်သတ်ချက်အမိန့်မျိုးတွေ ထုတ်လာတဲ့အထိ ဖြစ်လာပါတယ်။ အဆိုးဝါးဆုံးကတော့ ၁၉၉၅ နောက် ပိုင်းမှာ ဆရာနှစ်ယောက်စလုံးကို ကဗျာရေးခွင့်ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ ၂၀၀၉ မှာ ကွယ်လွန်ခဲ့တဲ့ ဦးကြည်အောင်ကတော့ ၁၉၉၅ နောက်ပိုင်းကနေ သေသည်အထိသူ့ကဗျာတွေကို ပုံနှိပ်စာလုံးအဖြစ်မြင်မသွား ရတော့ပါဘူး။ ဆရာကိုလေးကတော့ ၂၀၁၀ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ကဗျာရေးခွင့်ပြန်လည်ရရှိ ခဲ့ပါတယ်။ ကဗျာပြန်လည်ရေးခွင့်ရချိန်မှာတော့ ဆရာ့အသက်ဟာ ၇၅ နှစ်ထဲရောက်နေပါပြီ။

ဆယ်စုနှစ်တစ်ခုကျော် ကဗျာရေးခွင့်ပိတ်ပင်ခံခဲ့ရပေမယ့် ဆရာဦးကိုလေးဟာ အာဏာပိုင်တွေကိုအာဃာတ မထားခဲ့ပါဘူး။“တို့ဘက်က တစ်ဆင့်လျှော့လိုက်တာပေါ့။” လို့ လူထုအကျိုးအတွက်စဉ်းစားခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံတော်ဆီဦးတည်သွားမယ်လို့ကြွေးကြော်နေပေမယ့် သေနတ်သံမစဲသေးတဲ့ မြန်မာနိုင်ငံအတွက် စိုးရိမ်စွာ ငြိမ်းချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့သလို ငြိမ်းချမ်းရေးမကြာခင်ရ ရမယ်လို့လည်ူးမျှော်လင့်ခဲ့ပါတယ်။

“သေနတ်သံတွေ မစဲသေးဘူးဗျ။ ကျုပ်မွေးလာကတည်းက ၇၅ နှစ်လုံးရှိပြီ သေနတ်သံတွေမစဲသေးတာ။ ငြိမ်း ချမ်းရေးဆောင်ရွက်တဲ့အဖွဲ့တစ်ခု ကျွန်တော်တို့လုပ်ကြမယ်လို့ စိတ်ကူးထားတယ်။ ငြိမ်းချမ်းရေးက မကြာခင် အချိန်မှာရမယ်လို့ ကျွန်တော်ထင်တယ်။ သမ္မတကြီးဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ပါတီတွေ ပူးပေါင်း လိုက်မယ်ဆိုရင်တော့ အောင်မြင်မှာပါ။”

ဇန်န၀ါရီလအတွင်းကတော့ ကျမသတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာနှစ်စဉ်ကျင်းပတဲ့ တော် ဘုရားကလေးစာပေဆု (ကဗျာ) ကို ဆရာကိုလေးရရှိခဲ့ပါတယ်တဲ့။ အဲဒီစာအုပ်ထဲက ကဗျာတွေဟာ ၁၉၆၅ နဲ့ ၁၉၉၁ ကြားက ကဗျာတွေကိုစုစည်းထုတ်ဝေထားတာလို့လည်းသိရပါတယ်။

နှစ်ပေါင်းများစွာ စာမျက်နှာတွေပေါ်မှာပုံနှိပ်စာလုံးအဖြစ်တရားဝင်ကဗျာရေးခွင့်မရခဲ့ပေမယ့် ဒီနှစ်တွေအတွင်း မှာ ဆရာဟာ ပုံနှိပ်ဖော်ပြခွင့်မရလို့ရယ်ဆိုပြီး ကဗျာမရေးပဲနေခဲ့မှာတော့မဟုတ်ပါဘူး။ အဲဒီ ၁၉၉၅ နောက်ပိုင်း ရေးခဲ့တဲ့ကဗျာတွေကိုစုစည်းထားတဲ့ ဆရာ့စာအုပ်ကို မြင်ချင်ပါသေးတယ်။

About the Author

Khet Mar is a staff writer at Sampsonia Way. A former writer-in-residence at City of Asylum/Pittsburgh, Khet Mar is a journalist, novelist, short story writer, poet, and essayist from Burma. She is the author of one novel, Wild Snowy Night, as well as several collections of short stories, essays and poems. Her work has been translated into English and Japanese, been broadcast on radio, and made into a film. In the fall of 2007, Mar was a visiting fellow at the International Writing Program at the University of Iowa.

View all articles by Khet Mar

Leave a Comment

comm comm comm

Fearless, Ink.